လုပ်ငန်းခွင်ပြင်ပ မတော်တဆ ထိခိုက်သေဆုံးခဲ့ခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ပေးအပ်ပွဲ ကျင်းပ

မြစ်ကြီးနား ဇူလိုင် ၁၄

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ မန္တလေးတိုင်း၊ အမရပူရမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် Good Brother Co.,Ltd မှ အာမခံအလုပ်သမား၏ လုပ်ငန်းခွင်ပြင်ပ မတော်တဆ ထိခိုက်သေဆုံးမှုအတွက် ဥပဒေနှင့်အညီ အကျိုးခံစားခွင့်ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် လူမှုဖူလုံရေးရုံးတွင် ကျင်းခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ်၊ လူမှုဖူလုံရေးရုံးမှ ပြည်နယ်တာဝန်ခံအရာရှိ ဒေါ်မြတ်မွန်မိုး က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များအကြောင်း ရှင်းလင်းပြောကြားပြီး ကွယ်လွန်သူ အာမခံအလုပ်သမား ဦးဘရန်အောင်၏ ညီမဖြစ်သူ မနန်ဆိုင်းအား ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ် (၄၃၂၀၀၀၀) အား ပေးအပ်၍ မနန်ဆိုင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ခရိုင်(ပြန်/ဆက်)