ဆီဆိုင် ဇူလိုင် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ ဆီဆိုင်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ပေးအပ်လျက်ရှိရာ ယနေ့ နေ့လယ် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်အဝေးခန်းမ၌ ပေးအပ်သည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားတစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၃)အုပ်စု အတွင်းရှိ အဘိုး (၅၂)ဦး၊ အဘွား(၇၄)ဦး၊ စုစုပေါင်း ဘိုးဘွား (၁၂၆)ဦးတို့အတွက် ထောက်ပံ့ငွေကျပ် (၃၇၈၀၀၀၀)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးတို့က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ပြီး အဆိုပါ ထောက်ပံ့ငွေများကို ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းတို့က ဘိုးဘွားများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)