တန့်ယန်း ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်နေပြည်သူများအား လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးလျက်ရာ မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းပုံစံများရေးသွင်းနည်း သင်တန်းကို ယမန်နေ့နံနက် ၉ နာရီမှ စတင်ဖွင့်လှစ်ပို့ချခဲ့သည်။
အဆိုပါ သင်တန်းသို့ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်၏ မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာဖြစ်သည့် နမ့်စီစိမ်ကျေးရွာမှ ကော်မတီဝင် ခုနှစ်ဦးတက်ရောက်ခဲ့ကြပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေနွယ်ထွန်းနှင့် ဒုတိယဦးစီးမှူး ဒေါ်ဝေယုဇန ခိုင်တို့က စီမံခန့်ခွဲမှုဆိုင်ရာနှင့် ငွေစာရင်းပုံစံများရေးသွင်းနည်းများကို လေ့ကျင့်သင်ကြား ပို့ချခဲ့ ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)