ညောင်လေးပင် ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း ကာ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စားသုံးသူ ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က ဖအောင်းကျေးရွာအုပ်စု၊ ရှမ်းရွာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ ရှမ်းရွာမူလတန်း(လွန်)ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးရန်နောင်စိုးမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းမှ ကျောင်းသား၊ကျောင်းသူများအနေဖြင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ပိုမိုသိရှိနိုင်စေရန် ရည်ရွယ်၍ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများအား အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ထွေးမှ စားသုံးသူ၏အဓိပ္ပါယ်၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများအား အသိ ပညာပေးပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မိုးစန္ဒာဝင်းမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်မှ အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်တစားလေ့လာ ကြည့်ရှု ခဲ့ကြသည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းသူနိုင်(ပြန်/ဆက်)