ရေနံချောင်းတက္ကသိုလ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကျင်းပ

ရေနံချောင်း ဇူလိုင် ၁၅

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို အဆိုပါတက္ကသိုလ် စပါယ်ဆောင်တွင် ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ သင်တန်းရေးရာဌာနမှူးနှင့် ပါမောက္ခ(ဌာနမှူး)များက လိုက်လံကြည့်ရှု အားပေးသည်။

အဆိုပါပြိုင်ပွဲများတွင် ရေနံချောင်းတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံမှ ကျောင်းသား/ ကျောင်းသူ ၆၀ ဦးက စာစီစာကုံးပြိုင်ပွဲတွင် “ပြည်သူသို့ရည်အာဇာနည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် “စွန့်လွှတ်စွန့်စားအာဇာနည်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် “အာဇာနည်နေ့နှင့်ကျွန်ုပ်တို့၏တာဝန်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)