မိတ္ထီလာ ဇူလိုင် ၁၅
မိတ္ထီလာမြို့၌ ၂ဝ၂၃ ခုနှစ် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲနှင့် အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အထက(၁) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်ပညာရေးမှူးရုံးက ကြီးမှူးကျင်းပ (၇၆ )နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး ၊ ကဗျာ နဲ့ဆောင်းပါးပြိုင်ပွဲကို ဒီနေ့မနက်ပိုင်းက အ.ထ.က (၁) ခန်းမမှာ ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။ စာစီစာကုံးနဲ့ကဗျာပြိုင်ပွဲကို အလယ်တန်းနဲ့အထက်တန်းအဆင့် ကျောင်းသူ/ကျောင်းသားတွေ ဝင်ရောက် ယှဉ်ပြိုင်ရပြီး ဆောင်းပါးပြိုင်ပွဲမှာတော့ အထက်တန်းအဆင့် ကျောင်းသူကျောင်းသားတွေ ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါပြိုင်ပွဲများတွင် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၌ ပြိုင်ပွဲဝင်ကျောင်းသူ ကျောင်းသား ၃၈ ဦးနှင့် အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကျောင်းသူကျောင်းသား ၈ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ချမ်းသာ