နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်သွင်းအားစုများပေးအပ်ပွဲ သန်လျင်ခရိုင်၌ကျင်းပ

သန်လျင် ဇူလိုင် ၁၅

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်သွင်းအားစုများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် သန်လျင်ခရိုင် သန်လျင်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်သိုက်ဝင်းက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ခရိုင်အတွင်း အစုအဖွဲ့များသို့ ထုတ်ချေးထားမှု အခြေအနေအား ရှင်းလင်းတင်ပြသည်၊ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့စီးပွား ရေးရာဝန်ကြီးဦးမျိုးမြင့်အောင်က နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့်စပ်လျဥ်း၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးရန်နိုင်ဝင်းက စိုက်ပျိုးရေးဆိုင်ရာများကိုလည်းကောင်း၊စပါးခွံဖွဲပြာနှင့်ယူရီးယားရောစပ်သည့်ဖွဲပြာမြေသြဇာနှင့်ငါးအမိုင်နိုမြေသြဇာအကြောင်းများကို ပညာရှင်များက အသီးသီး ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ခရိုင်အတွင်းရှိ မြို့နယ် အသီးသီးမှ ဒေသခံတောင်သူများသို့ သွင်းအားစုဓာတ်မြေသြဇာများလွှဲပြောင်းပေးအပ်ကြသည်။ ယင်းနောက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေရယူထားသူ တောင်သူဦးရဲထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)