သရက်မြို့၌ ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်ပြည်သူ့ဆက်ဆံရေးသင်တန်း ဖွင့်လှစ်

သရက် ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်ပြီး ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို နားလည်သိရှိ၍ လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေး မြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ်သော ပြည်သူ့ဆက်ဆံရေးသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် သရက်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေက ပြည်သူ့ဆက်ဆံရေးသဘောသဘာဝများ၊ ပြည်သူ့ဆက်ဆံရေး  နည်းလမ်းများကို သိရှိနားလည်သဘောပေါက်စေရန် ဆွေးနွေးပို့ချခဲ့သည်။ ပြည်သူ့ဆက်ဆံရေး သင်တန်းတွင် သရက်ခရိုင်နှင့် မြို့နယ်များမှ ဒုတိယဦးစီးမှူး၊ အကြီးတန်းစာရေး၊ ရုပ်သံကျွမ်းကျင်-၃၊ စာကြည့်တိုက် လက်ထောက်-၃၊ ရုံးအကူနှင့် လုပ်သားရုပ်သံ ဝန်ထမ်း (၁၆) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကို ဇူလိုင်လ (၁၅)ရက်မှ (၁၆)ရက်‌နေ့ထိ စာတွေ့ လက်တွေ့သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။  

ခရိုင်ပြန်/ဆက်