ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

လယ်ဝေး ဇူလိုင် ၁၅

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲက ရှားချောင်းကျေးရွာအနီးတွင် ကျင်းပရာ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်သည်။

ရှေးဦးစွာ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကိုက အမှာစကားပြောကြားသည်။ ထို့နောက် နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအထိမ်းအမှတ် သစ်ပင်ကို သတ်မှတ်နေရာတွင် စိုက်ပျိုးပေးသည်။

ဆက်လက်၍ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများက ကျွန်း၊ ပိတောက်၊ မယ်ဇလီ၊ သစ်မာစသည့် ပျိုးပင်ပေါင်း (၁၀၀)ကို တပျော်တပါးစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)