မိုင်းရယ် ဇူလိုင် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူများ အပြင်ထွက်သွားလာရာ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် အသိ၊ သတိရှိစေရန် ရည်ရွယ်၍ ပါးစပ်နှင့် နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်က မိုင်းရယ်မြို့အဝင်ဂိတ်နှင့် မြို့လယ် ဘုရားရှေ့တို့တွင် ပြုလုပ်သည်။
ထိုသို့ပြုလုပ်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက လမ်းမပေါ်ရှိသွားလာနေကြသည့် ပြည်သူများ၊ ဈေးသူ/သားများအား ကိုဗစ်-၁၉ ရောရာဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း (၁၂၀၀)ကို စနစ်တကျ အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။
မိုင်းရယ်(ပြန်/ဆက်)