ကျောက်ပန်းတောင်း ဇူလိုင် ၁၇
(၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်နေ့အကြောင်းသိကောင်းစရာ ဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ အာဇာနည်နေ့ဆိုင်ရာ နံရံကပ်စာစောင် ပြပွဲနှင့် ဓာတ်ပုံပြပွဲကို ဇူလိုင် (၁၇) ရက်နေ့ မွန်းလွဲ (၂) နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြပွဲပြသရာသို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ Grade-10 နှင့် Grade-11 ကျောင်းသား/ ကျောင်းသူ ၁၁၂ ဦးနှင့် ကြီးကြပ်သူ ဆရာ/ ဆရာမ (၅) ဦး စုစုပေါင်း ၁၁၇ ဦး လာရောက် လေ့လာကြည့်ရှုခဲ့ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများကို ရှင်းလင်းဟောပြောပြီး၊ ကျောင်းသား/ကျောင်းသူလေးများက ပြသထား သည့် သုတ/ရသ စာအုပ်များ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ပုံတူပန်းချီများ၊ အတ္ထုပ္ပတ္တိများ၊ ဆောင်ပါး /ကဗျာများကို လေ့လာမှတ်သား ကြည့်ရှုကြသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အဆိုပါပြခန်းအား ဇူလိုင် (၁၉) ရက်နေ့ အထိ ပြသထားမည််ဖြစ်ကြောင်းသိရပြီး၊ မည်သူမဆို လွတ်လပ်စွာ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။
နေအောင်