ဝါးခယ်မ ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည့် ယနေ့နံနက် ၁၀ နာရီအချိန်က ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ၊ သဲကုန်းကွင်းအမှတ် (၁၀၀၀/က) သို့ရောက်ရှိလာပြီး တောင်သူဦးဝင်းဗိုလ် လုပ်ကိုင်ခွင့်ရရှိထားသော ဦးပိုင်အမှတ် (၁၇/က)၊ လယ်မြေ(၆)ဧကအား မိုးစပါးစိုက်ပျိုးရန် “နယူးဧရာမျိုးစပါး”များ ပျိုးထောင်ထားမှုကို အားပေးကြည့်ရှုရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဉီးစီးမှူး ဦးကျော်သိန်းထွန်းနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့များသည် ကျွန်းကုန်းကျေးရွာရှိ (ပိုင်ရှင်)ဦးကျော်စွာ၏ “ချမ်းမြေ့” ဆန်စက်သို့ရောက်ရှိပြီး မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား နိုင်ငံစီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ပုလဲနှင့်ကွန်ပေါင်း ဓာတ်မြေဩဇာများပံ့ပိုး ပေးနေမှုကို အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)