ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ‌ရေတာရှည်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ဆောင်ရွက်

ရေတာရှည် ဇူလိုင်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊‌ ရေတာရှည်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာအချက်များကို ယနေ့နံနက်ပိုင်းက ရပ်ကွက်နှင့်ကျေးရွာများသို့သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြ​သည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက် မိဘပြည်သူများအနေနှင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲမသွားမလာခြင်း၊ ပြင်ပထွက်တိုင်း Mask တပ်ခြင်း၊ လက်ကိုစနစ်တကျမကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်းစသော ကျန်းမာ​ရေးဝန်ကြီးဌာန၏ စည်းမျဉ်း စည်းကမ်းများကို ဆက်လက်လိုက်နာ ကျင့်သုံးသွားကြရန်နှင့် ကာကွယ်ဆေးများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံမှုအပြည့်အဝရရှိစေရန် ထိုးနှံပေးလျက် ရှိရာပြည်သူများအနေဖြင့် မပျက်မကွက်အကြိမ်အရေအတွက်ပြည့်ဝစွာထိုးနှံကြပါရန်  အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)