မိတ္ထီလာ ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ မိုးစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများအား သမဝါယမ ကန်ထရိုက်လယ်ယာစနစ်ဖြင့် သွင်းအားစုမြေဩဇာများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က လှည်းပွဲကျေးရွာတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွေးနုလှိုင်နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်ငြိမ်းတို့က သမဝါယမ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်သည့် ကျေးရွာ ၅ ရွာ၊ သမဝါယမအသင်း ၅ သင်းမှ အသင်းသား ၁၅၉ ဦးပိုင်ဆိုင်သည့် မိုးစပါးစိုက်ဧက ၃၇၇ ဧက အတွက် ၁ ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့် ညီမျှသော သွင်းအားစုများ ဖြစ်သည့် စမ်းဝတီသဘာဝမြေဩဇာ၊ ကွန်ပေါင်းနှင့် ပုလဲမြေဩဇာများကို အသင်းသား တောင်သူများ စိတ်ကြိုက်ဝယ်ယူပြီး အသင်းသား တောင်သူများ လက်ဝယ်အရောက်ပေးခဲ့ကြောင်း သိရသည်။
ချမ်းသာ