မင်းဘူး(စကု)မြို့နယ်၌ မိုးနေကြာနှင့် ဝါသီးနှံ မျိုးစေ့ထုတ်စိုက်ခင်းဆောင်ရွက်မည့် ဒေသခံ တောင်သူများအတွက် သီးနှံမျိုးစေ့များ အခမဲ့ ထောက်ပံ့
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း မိုးနေကြာနှင့် ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ မျိုးကောင်းမျိုးသန့်များကို တောင်သူအချင်းချင်း မျိုးသန့်ပွားသုံးစွဲနိုင်ရေးနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးတို့အတွက် နေကြာနှင့် ဝါသီးနှံ မျိုးစေ့ထုတ် စိုက်ခင်းဆောင်ရွက်မည့် ဒေသခံတောင်သူများအား သီးနှံမျိုးစေ့များ အခမဲ့ ထောက်ပံ့ပေးခြင်းကို ဇူလိုင် ၂၂ ရက်၊ နံနက် ၁၀ နာရီအချိန်က ကန်ရေကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။