ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ပြိုင်ပွဲများဆောင်ရွက်

ပိုင်ကျုံ  ဇူလိုင်  ၂၃

ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရေးနှင့် စကားပြော စွမ်းရည်တိုးတက်လာစေရန် ရည်ရွယ်၍ ယမန်နေ့က ပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့သည်။

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် ပုံမှန်လာရောက်လေ့လာကြသည့် ကျောင်းသား လူငယ်များတို့၏ ကာယဉာဏဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့ဦးစီးမှူး ဒေါ်‌နော်ခူးခူး နှင့်ဝန်ထမ်းများက  ပုံပြင်ပြောပြိုင်ပွဲ၊   ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အင်္ဂလိပ်ဉာဏ်စမ်းပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား မြို့ဦးစီးမှူးက မုန့် ကျောင်းသုံးပေတံ ခဲတံနှင့် ဘောပင်များပေးအပ်ခဲ့ပြီး ပြိုင်ပွဲများကို  အပတ်စဉ်ကျောင်း ပိတ်ရက်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

နော်ခူး(ပြန်/ ဆက်)