ပုဏ္ဏားကျွန်း ဇူလိုင် ၂၃
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၌ ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့၊ နေ့လယ်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်ပြီးနောက်ပိုင်းတွင် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ခမောင်းတော ကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံခဲ့ကြသည်။
ရှေးဦးစွာ အဆိုပါပူးပေါင်းအဖွဲ့သည် ခမောင်းတောကျေးရွာအုပ်စု၊ ရဲရိုးပြင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံကျေးရွာသားများနှင့်တွေ့ဆုံ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးကျော်နု တို့က ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဖြူးပေးနေမှု၊ မုန်တိုင်းဒဏ်ခံရသည့် တောင်သူများအား အထွက်နှုန်းကောင်းမွန်သည့် မျိုးစပါးများ ဖြန့်ဝေပေးနေမှုတို့ကို ရှင်းလင်းပြောကြားပြီး၊ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ပစ္စည်းများကို ပြည်သူများ လက်ခံရရှိခြင်း ရှိ/မရှိနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြ သည်။
ထိုhနောက် ကျေးရွာသူ၊ ကျေးရွာသားများက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကက သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပြီး၊ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြသည့် ဒေသခံပြည်သူများအား ခြင်ထောင်၊ စောင်ပါး၊ သွားတိုက်ဆေး၊ သွားပွတ်တံများနှင့်ရွှေဝါဆပ်ပြာတောင့်များကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ ဆက်)