ပိုင်ကျုံမြို့ အ-ထ-က(ခွဲ)အထက်ပိုင်ကျုံကျောင်း၌ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ချီးမြှင့်ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်

ပိုင်ကျုံ ဇူလိုင်  ၂၃

ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက် အ-ထ-က(ခွဲ)အထက်ပိုင်ကျုံကျောင်း၌ ဒေါနအလင်းပညာရေးဖောင်ဒေးရှင်းမှ ကြီးမှူးကျင်းပသော အဋ္ဌမအကြိမ်မြောက် တက္ကသိုလ်ဝင်တန်းစားပွဲဖြေဆိုအောင်မြင်သည့် ကျောင်းသားကျောင်းသူများအား ချီးမြှင့်ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်

ရှေ့ဦးစွာ နမော့တဿ သုံးကြိမ်ရွတ်ဆိုခြင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး ဒေါနအလင်းပညာရေးဖောင်ဒေးရှင်းမှ ဦးဆောင်ဆရာတော်က ဩဝါဒစကားမြွက်ကြားပြီးနောက် မိမိရပ်ရွာအေးချမ်းသာယာရေးနှင့် ကျောင်းသား ကျောင်းသူများတို့၏ လုံခြုံရေးကို အထူးအလေးထားရန်လိုအပ်ကြောင်းကို ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးမှ လည်းကောင်း ပညာရေးဌာန၏ကိုယ်စား ကျေးဇူးတင်စကားပြောကြားခြင်းကို လှိုင်းဘွဲမြို့နယ် လက်ထောက် ပညာရေးမှူးမှလည်းကောင်း အသီးသီးပြောကြားခဲ့သည် ဆက်လက်၍ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သည့် ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများတို့မှ ဂုဏ်ပြုဆုများပေးအပ်ပြီး အ-ထ-က(ခွဲ) အထက်ပိုင်ကျုံကျောင်းမှ တာဝန်ရှိသူဆရာမတစ်ဦးက ဆုချီးမြှင့်ပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက်  ဗုဒ္ဓသာသနစိရံတိဋထု  သုံးကြိမ်ရွတ်ဆိုခြင်းဖြင့် အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်    

ပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက် အ-ထ-က(ခွဲ)အထက်ပိုင်ကျုံကျောင်းတွင် တက်ရောက်ပညာသင်ယူနေသော ကျောင်းသားကျောင်းသူများအား  ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာပေးပွဲ ဖြေဆိုအောင်မြင်သူ (၃) ဘာသာဂုဏ်ထူးရှင်(၁)ဦး (၂)ဘာသာဂုဏ်ထူးရှင် (၂)ဦး (၁)ဘာသာဂုဏ်ထူးရှင် (၄)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၄) ဦး စုစုပေါင်း( ၁၁ )ဦးရှိကြောင်း သိရသည်

နော်ခူး(ပြန်/ ဆက်)