ဘားအံ ဇူလိုင် ၂၄
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်အတွင်း BAJAJ အမှတ်တံဆိပ်မော်တော်ယာဉ် ( ၂ဘီး၊ ၃ဘီးနှင့် ၄ဘီး) တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ဆောင်ရွက်နေသော Precision Auto Engineering Co.,Ltd Ptoject general manager နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဘားအံစက်မှုဇုန်၌ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ် ဖြန့်ဖြူးရောင်းချမှု အခြေအနေ၊ ဒေသခံဝန်ထမ်းစုစုပေါင်း ၁၂၀ ကျော် အလုပ်အကိုင်အခွင့်အလမ်းရရှိမှု အခြေအနေ၊ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၉၄၉ သန်းခန့် ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်နိုင်မှုအခြေအနေ၊ ကုန်ထုတ်လုပ်မှုစက်ရုံတွင် ကုန်ကြမ်းရရှိမှုနှင့် လုပ်ငန်းလည်ပတ်မှုအခြေအနေ၊ လျှပ်စစ်သုံး မော်တော်ယာဉ် EV Project တပ်ဆင်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေ၊ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း တည်မြဲစေရေးနှင့် ကုမ္ပဏီ၏ရည်တည်မှုတည်တံ့ခိုင်မြဲစေရေး ကြိုးပမ်းဆောင်ရွက်မှုအခြေအနေများကို အဓိကထားဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)