မိုင်းငေါ့မြို့တွင် မြို့ပေါ်(၅)ရပ်ကွက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မိုင်းငေါ့ ဇူလိုင် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်(၅)ရပ်ကွက်ရှိ ပြည်သူများအား ယမန်နေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ရောဂါ  ထပ်ဆောင်းကာကွယ်ဆေး (Sinophram)ကို တိုက်နယ်ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် တိုက်နယ်ကျန်းမာ‌ရေးဌာနမှ ဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့်အဖွဲ့က ကာကွယ်ဆေးမထိုးမီစာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး ထပ်ဆောင်းကာ ကွယ်‌ဆေး(Sinophram)ကို ပြည်သူ(၇၅)ဦးအား ထိုးနှံလျက်ရှိကြောင်းနှင့် ကျန်ရှိနေသည့်ပြည်သူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသောနေရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းသိုက်ထွန်းနှင့် တာဝန်ရှိသူများမှ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)