ဒလမြို့နယ်တွင် မိုးရာသီ လေကာအုန်းပင်စိုက်ပျိုးပွဲ ကျင်းပ

ဒလ ဇူလိုင် ၂၇

သယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် သစ်တောဦးစီးဌာနနှင့် ဒလမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ဦးဆောင်ကာ  မိုးရာသီလေကာ အုန်းပင်စိုက်ပျိုးပွဲကို  ယနေ့နံနက်(၈)နာရီအချိန်က သမတကမ်းခြေရပ်ကွက်  ကျောက်စွဲဝန်း၌ ကျင်းပသည်။   

အဆိုပါ  လေကာအုန်းပင်စိုက်ပျိုးပွဲသို့ ဒလမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးတင်မြတ်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက သတ်မှတ်နေရာများတွင် အုန်းပင် (၅၀၀)ပင်ကို စိုက်ပျိုးခဲ့ကြသည်။

ဒလမြို့နယ်တွင် မိုးရာသီ၌ လေကာအုန်းပင်များကို စိုက်ပျိုးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေး၊ သစ်တော၊ သစ်ပင် များပြုန်းတီးမှုကြောင့် ကြုံတွေရမည့် သဘာဝဘေး အန္တရာယ်ကာကွယ် နိုင်ရေး၊ သစ်တော သစ်ပင်များ ထိန်းသိမ်းခြင်းနှင့်အပူဒဏ် အန္တရာယ်လျော့နည်းစေရန် ရည်ရွယ်၍  အုန်းပင်များကို စိုက်ပျိုးခဲ့ကြကြောင်းသတင်း ရရှိသည်။

ကျော်စည်သူ (ပြန်/ ဆက်)