သံဖြူဇရပ်မြို့နယ်၊ ကျွမ်းကျင်မှုသင်တန်းကျောင်း(စက်စဲ၌) အခြေခံလျှပ်စစ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

သံဖြူဇရပ် ဇူလိုင် ၂၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (စက်စဲ)တွင်ဖွင့်လှစ်သည့်အခြေခံလျှပ်စစ်သင် တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် သင်တန်းကျောင်းတာဝန်ခံ ဦးစီးအရာရှိ ဦးထွန်းကိုက သင်းတန်းကာလပြီးဆုံးပြီဖြစ်၍ မိမိနေထိုင်ရာ ရပ်ကွက်ကျေးရွာများတွင် ဒေသဖွံဖြိုးရေးအတွက် ပါဝင်ဆောင် ရွက်နိုင်ရန်နှင့် နိုင်ငံတော်ဖွံဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်နိုင်ရန် ယခုသင်တန်းကိုဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ရာ သင်တန်းမှရရှိသော အတတ်ပညာဖြင့် မိမိနှင့်မိမိမိသားစုစားဝတ်နေရေး တစ်ပိုင်တစ်နိုင်လုပ်ကိုင်ဆောင်ရွက်နိုင်ပြီး၊ မိမိ၏ တီထွင်ကြံဆမှုဖြင့် ရပ်ရွာအကျိုးကို ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း သင်တန်းဆင်းအမှာစကားပြောကြားသည်။

ထို့နောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (စက်စဲ)၏ တာဝန်ခံ ဦးစီးအရာရှိ ဦးထွန်းကိုမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသားများ ကိုယ်စားသင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။

အဆိုပါသင်တန်းကို နည်းပြ ဦးရန်ငြိမ်းအောင်စက်မှုအထက်တန်းကျောင်း (မော်လမြိုင်)နှင့် ဦးဉာဏ်လင်းအောင် လျှပ်စစ်ကျွမ်းကျင်ပညာရှင်တို့က အခြေခံလျှပ်စစ်သဘောတရား၊ လျှပ်စစ်သွယ်တန်းနည်းပညာများကို စာတွေ့/ လက်တွေ့ဖြင့် ဇွန်၂၁ ရက်မှ ဇူလိုင် ၂၆ ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား ၃၅ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)