ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်ကျေးရွာအုပ်စု၊ နားနုံးကျေးရွာ၌ ချင်းတွင်းမြစ်ကမ်းပါးပြိုနေမှုအား ကွင်းဆင်းစစ်ဆေး

ဟုမ္မလင်း ဇူလိုင် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်ကျေးရွာအုပ်စု၊ နားနုံးကျေးရွာ၌ ချင်းတွင်း မြစ်ကမ်းပါးပြိုနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူး သိန်းလင်းထွန်း၊ မြို့နယ်ရေမြစ်ဖြိုးဦးစီးဌာန EE ဦးသန်းမောင်၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးဝင်းမင်းထွန်းနှင့် ဝန်ထမ်းများ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဆိုင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဇူလိုင် (၂၇)ရက်နေ့က ကွင်းဆင်းကြည့်ရှု ဆေးစစ်ခဲ့ ကြကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာအုပ်စု၊ နားနုံးကျေးရွာ၌ ချင်းတွင်းမြစ်ကမ်းပါးပြိုမှုအရ နေအိမ်ပြိုကျမည့် အန္တရာယ်ရှိသည့် နေအိမ် (၂)လုံးအား ကျေးရွာရှိ ဒေသခံပြည်သူများ၏ အကူအညီဖြင့် ဖျက်သိမ်းဆောင်ရွက်ခဲ့ရကြောင်း သတင်းရရှိမှုဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပြီး အဆိုပါ အိမ်ထောင်စု(၂)စုအား တစ်စုလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၂)သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ယာယီနေထိုင်ရေး အတွက် စီစဥ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)