ကွမ်းခြံကုန်း ဇူလိုင် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးဦးကျော်သူနှင့်ဝန်ထမ်းများက ဇီဝဆိုင်ရာအချက်အလက်(Biometric Data)ကောက်ယူခြင်းလုပ်ငန်းများကို ဇွန်လ(၂၆)ရက်နေ့မှစ၍ ယနေ့အထိ မြို့နယ်ထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ (Biographic Data)နှင့် (Biometric Data)များကောက်ယူ၍ (Database)တွင်သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် (Unique ID)နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းကို ကွမ်းခြံကုန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးဦးကျော်သူရနှင့်ဝန်ထမ်းများက ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ လူမှုရေးအသင်းအဖွဲ့များအား ဇွန်လ(၂၆)ရက်နေ့မှ ယနေ့အထိ စုစုပေါင်း(၁၆၆၅)ဦး၏ (Biometric Data) လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆွေနွယ်(IPRD)