ပေါက်ခေါင်း ဇူလိုင် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် တောင်သူများ သီးနှံစိုက်ပျိုးရောင်းချခြင်းဖြင့် ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ပဲမျိုးစုံသီနှံစိုက်ဧက ၁၂၆၈၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပြီး ယမန်နေ့အထိ ပဲမျိုးစုံသီးနှံ ၁၀၈၄၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပေါက်ခေါင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းတောင်သူများ သီးနှံစိုက်ပျိုးရောင်းချခြင်းဖြင့်ဝင်ငွေတိုးပွားစေရန်အတွက် ပဲတီစိမ်း ၁၁၃၄ ဧက၊ ပဲစင်းငုံ ၉၅၉၁ ဧက၊ ပဲကြီး ၁၈၃၆ ဧက၊ ပဲပုတ် ၁၂၄ ဧက၊ စုစုပေါင်း ပဲမျိုးစုံသီးနှံ ၁၂၆၈၅ ဧက လျာထား စိုက်ပျိုးသွားမည်ဖြစ်ပြီး တောင်သူများမှ မေလနောက်ဆုံးပတ်ကစတင်ပြီးစိုက်ပျိုးခဲ့ရာ ယမန်နေ့အထိ ပဲမျိုးစုံသီးနှံစိုက်ပျိုးပြီးစီးမှုအနေဖြင့် စုစုပေါင်း ၁၁၈၃၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
တောင်သူများတစ်ဧက ပန်းတိုင်အထွက်နှုန်းတိုးတက်ကောင်းမွန်စေရေး စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်၊ သွင်းအားစုများအချိုးကျသုံးစွဲနည်းများကို သိရှိလိုက်နာနိုင်ရေးအတွက် သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနကွင်းဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ကူညီဆောင်ရွက်ပေးလျက်ရှိပြီး သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတိုးတက် မြင့်မားစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများကို မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ သိပ္ပံနည်းကျ စိုက်နည်းစနစ်များ၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာအချိုးကျသုံးစွဲတတ်စေရေး၊ သီးနှံများပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အသိပညာပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)