ဇလွန် ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မေရီလန်းကျေးရွာအုပ်စု တောင်သူအသိပညာပေးစခန်း၌ ၂၀၂၃-၂၀၂၄ မိုးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါးတစ်ဧကလျှင် (၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် တောင်သူများအား သွင်းအားစု(ယူရီးယားမြေသြဇာ၊ ကွန်ပေါင်းမြေသြဇာနှင့်သဘာဝမြေသြဇာ) ပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့နံနက် ၁၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်က သွင်းအားစုများ စနစ်တကျ အချိန်ကိုက် အချိုးကျ ထည့်သွင်းနိုင်ရေးနှင့် အထွက်နှုန်းတိုးတက်ရေးအတွက် ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက်တောင်သူများအား ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ကြီးကြပ်မှု လုပ်ငန်း အကောင်အထည် ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများက သွင်းအားစုများ အသီးသီးပေးအပ်ခဲ့ကြပြီး တောင်သူကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့သည်။
အခမ်းအနားသို့ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ကြီးကြပ်မှုလုပ်ငန်းအကောင်အထည် ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ ၊ တောင်သူများတက်ရောက်ခဲ့ကြသည်။
ဝေယံ