စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာစီးပွားရေးတက္ကသိုလ်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းတက်ရောက်

မုံရွာ ဇူလိုင် ၂၉

လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မုံရွာစီးပွားရေးတက္ကသိုလ်နှင့် တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မုံရွာစီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခ ချုပ်၊ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရမှ လူငယ်များ၏အခန်းကဏ္ဍ အားအလေးထားဆောင်ရွက်သည့်အနေဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအား သီးသန့်ဖွဲ့စည်းထားရှိပါကြောင်း၊ လူငယ်များအနေဖြင့် အရည်အချင်းရှိသူဖြစ်မှသာ မိမိအကျိုး၊ မိမိပတ်ဝန်းကျင်အကျိုး၊ မိမိလူ့အဖွဲ့အစည်း၏အကျိုးအားသယ်ပိုးနိုင်သူများ ဖြစ်လာနိုင်မှာဖြစ်ပါကြောင်း၊ လူငယ်များတွင် အနာဂတ်အတွက် စိတ်ကူးစိတ်သန်းများ၊ စိုးရိမ်မှုများ၊ အိပ်မက်များ၊ မျှော်လင့်ချက်များ ကိုယ်စီရှိနေကြမှာဖြစ်ပါကြောင်း၊ စိတ်ကူးစိတ်သန်းများ၊ အိပ်မက်များအား လက်တွေ့အကောင်အထည်ဖော်နိုင်ရေးအတွက် စာအုပ်စာစောင်များဖတ်ရှုခြင်း၊ အတွေ့အကြုံရှိသူများနှင့် မေးမြန်းခြင်းမှရရှိနိုင်သလို လူငယ်အချင်းချင်းတိုင်ပင်ဆွေးနွေး ခြင်းတို့မှနေလည်း ရရှိနိုင်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များကိုတန်ဖိုးရှိသည့် လူစွမ်းအားအရင်းအမြစ်များ အဖြစ်မျှော်မှန်းပြီး ပြုစုပျိုးထောင်ပေးနေတာဖြစ်ပါကြောင်း၊ လူငယ်များကိုယ်တိုင်မှလည်း မိမိကိုယ်မိမိတန်ဖိုးရှိသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် ကျင့်ကြံကြိုးကုတ်အားထုတ်ကြရန် လိုအပ်ပါကြောင်း၊ တစ်နည်းအားဖြင့် မိမိကိုယ်ကို ကောင်းအောင်ကြိုးစားခြင်းသည် မိမိပတ်ဝန်းကျင်အတွက်နှင့် မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိလူ့အဖွဲ့ အစည်းအတွက်ပါ ကောင်းအောင်ကြိုးစားနေ ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာကြူက လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက လူငယ်စကားဝိုင်းတွင် ဆွေးနွေးသွားမည့်ခေါင်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက ပါမောက္ခချုပ်ထံ လူငယ်စကားဝိုင်းအတွက် ထောက်ပံ့ငွေအားပေးအပ်ပြီး လူငယ်စကားဝိုင်းတွင် ဆွေးနွေးသွားမည့် တာဝန်ရှိသူများနှင့် ကျောင်းသား၊ကျောင်းသူများက လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်အပေါင်းအသင်း၊ လူငယ်နှင့်ရည်မှန်းချက် ခေါင်း စဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်အားပေးခဲ့ကြပြီး မှတ်တမ်းဓါတ်ပုံများနှင့် စာအုပ်များခင်းကျင်းပြသထားရှိမှုအား လိုက်လံကြည့်ရှုအား ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်။