မုံရွာ ဇူလိုင် ၃၀
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မုံရွာပညာရေးဒီဂရီကောလိပ် အမျိုးသား/အမျိုးသမီး ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၉ ရက်နေ့၊ ညနေပိုင်းတွင် မုံရွာမြို့၊ မုံရွာပညာရေးဒီဂရီကောလိပ်ကျောင်းဝန်းအတွင်းရှိ အားကစားကွင်းတွင် ကျင်းပရာ ဆုချီးမြင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများပြိုင်ပွဲဝင် အားကစား သမားများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် ပထမနှစ်၊ဒုတိယနှစ်ဝက် အမျိုးသားဘောလုံးအသင်းနှင့် ဒုတိယနှစ်၊ ပထမနှစ်ဝက်-ဒုတိယနှစ်ဝက် အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကာ ဒုတိယနှစ်၊ ပထမနှစ်ဝက်-ဒုတိယနှစ်ဝက်အသင်းမှ ပထမနှစ်၊ ဒုတိယနှစ်ဝက် အသင်းအား ၁ ဂိုး ပြတ်ဖြင့် အနိုင်ရရှိသွားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ငွေအားပေးအပ်ပြီး တိုင်းဒေကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိကြများအား ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး တိုင်းဒေသကြီး လူမှု ရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသောအသင်းများအား တစ်ဦးချင်းဆုတံဆိပ် များအားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသောအသင်းများအား တစ်ဦးချင်းဆု တံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသောအသင်းများအား တစ်ဦးချင်းဆု တံဆိပ်များအား အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဗိုလ်လုပွဲစဉ်တွင် ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆုနှင့် အမျိုး သားဘောလုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော အသင်းများအား တစ်ဦးချင်းဆုတံဆိပ်များအား ပေးအပ်ချီးမြင့်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တံခွန်စိုက်ဆု တတိယရရှိသော ဒုတိယနှစ်၊ ပထမနှစ်ဝက်အသင်းအား တံခွန်စိုက်ဆုဖလားအား လည်းကောင်း၊ ဒုတိယရရှိသော ဒုတိယနှစ်၊ ပထမနှစ်ဝက်-ဒုတိယနှစ်ဝက် အသင်းအား တံခွန်စိုက်ဆုဖလားအား လည်းကောင်း၊ ပထမရရှိသော ပထမနှစ်၊ ဒုတိယနှစ်ဝက်အသင်းအား တံခွန်စိုက်ဆုဖလားတို့အား အသင်းအုပ် ချုပ်သူနှင့် အားကစားသမားများထံ ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)