ကြံခင်း ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ဝါတွင်းကာလ ဝါဆိုသင်္ကန်းကပ်လှူဒါန်းခြင်းများကျင်းပကြရာ မြို့နယ်ရဲတပ်ဖွဲ့(ကြီးကြပ်ကွပ်ကဲမှု)အောက်ရှိ ရဲစခန်း၊ ရဲကင်းမိသားစုများစုပေါင်း ဝါဆိုသင်္ကန်းကပ်လှူခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကြံခင်းမြို့နယ် ၊ ရွာသစ်ရပ်ကွက်၊ မုခ်ထုပ်ကျောင်းတိုက်တွင် လှူဒါန်းခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးဦးဆောင်သော ရဲဝန်ထမ်းမိသားစုများက “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး မုခ်ထုပ်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဝံသ ထံမှငါးပါးသီလခံယူဆောက်တည်ကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက်ဆရာတော်ကြီးမှ တရားတော်များချီးမြှင့်ပေးပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးနှင့် ရဲဝန်ထမ်းမိသားစုများက လှူဒါန်းမှုအစုစုအတွက် အမျှပေးဝေကာ သာဓုအနုမောဒနာများ ခေါ်ဆိုကြသည်။ အဆိုပါ မြို့နယ်ရဲတပ်ဖွဲ့ (ကြီးကြပ်ကွပ်ကဲမှု)အောက်ရှိ ရဲစခန်း၊ ရဲကင်းမိသားစုများ စုပေါင်းလှူဒါန်းသော ဝါဆိုသင်္ကန်းနှင့်လှူ ဖွယ်ဝထ္ထုပစ္စည်း စုစုပေါင်းငွေကျပ်(၂၂၅၀၀ဝိ/) တန်ဖိုးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)