ပခုက္ကူတတ္ကသိုလ်၌ အထူးပြုဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) စစ်တုရင်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပခုက္ကူ ဩဂုတ် ၁

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အထူးပြု ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) စစ်တုရင်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၃၀ ရက် ညနေ၄ နာရီအချိန်က အဆိုပါတက္ကသိုလ်၊ မိုးလုံလေလုံ အားကစားရုံခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) စစ်တုရင် အားကစားပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကြရာ မောင်သန်းတိုးအောင် (အင်္ဂလိပ်စာဌာန)နှင့် မသင်းသင်းအောင် (ရူပဗေဒဌာန)တို့က အနိုင်ရဗိုလ်စွဲကြပြီး ခေတ္တပါမောက္ခချုပ်ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းအိ(စီမံ)နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ် (သင်ကြား)၊ ဘာသာရပ်ဆိုင်ရာပါမောက္ခ (ဌာနမှူး)တို့က ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏနှင့် စာရိတ္တစွမ်းရည်များ ပိုမိုဖွံ့ဖြိုး တိုးတက်မြင့်မားလာစေရန်၊ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကစားတတ်စေရန်၊ ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်က အားထားရမည့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ပြီး ပခုက္ကူတက္ကသိုလ်၊ အထူးပြုဘာသာရပ်ပေါင်းစုံမှ ကျောင်းသား (၁၈)ဦး၊ ကျောင်းသူ(၉)ဦး ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)