သရက်မြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်

ကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်ဝင်းနှင့် ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက်၌ အသက် (၁၀)နှစ်မှ (၁၈)နှစ်ကြား၊

ဟင်္သာတမြို့နယ်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကျင်းပ

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်၍ ဦးစွာ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရောက်ရှိနေရာယူ၍ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့) အစည်းအဝေးစတင်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ကော့မှူးတွင် စာရေးဆရာ လူထုစိန်ဝင်းရေးသားသည့် "လူငယ်နဲ့တာဝန်ယူစိတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ကစာရေးဆရာ လူထုစိန်ဝင်းရေးသားသည့် “လူငယ်နဲ့တာဝန်ယူစိတ်" စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်းသိရသည်။

ကျောင်းကုန်းမြို့၌ အ.လ.က(ခွဲ)(ဆင်ကူး) နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဆင်ကူးအုပ်စု၊ ဆင်ကူးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)၏ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုဦး၊ မြို့နယ်ပညာရေးမှူး ဦးကျော်လှိုင်၊ ထက်အုပ်ဆရာကြီး ဦးရဲမြင့်ထွန်း၊ ကျောင်းအကျိုးဆောင်ဥက္ကဋ္ဌ ဦးအုန်းလွင်နှင့်ကျောင်း အုပ်ဆရာကြီး ဦးအောင်မျိုးထွဋ် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး၊ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ စက်သုံးဆီ အရောင်းဆိုင်များအား တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ဌာနဆိုင်ရာပေါင်းစုံနှင့် အသက် (၂၅) နှစ်အောက် (အမျိုးသား)ဖူဆယ်ဘောလုံး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ခရိုင်/ မြို့နယ်ဌာနဆိုင်ရာပေါင်းစုံနှင့် အသက် (၂၅) နှစ်အောက် (အမျိုးသား)ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုများချီးမြှင့်ပွဲကို ယနေ့နံနက် (၁၀)နာရီက ဖူဆယ်မိုးညှင်း အားကစားကွင်း၌ ကျင်းပသည်။
Subscribe to