ကျိုင်းတုံမြို့၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “လူငယ်နှင့်အခွင့်အလမ်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ် အမှတ်(၃) အခြေခံပညာကျောင်းတွင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး အသိပညာပေး ဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ  မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက  ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရုံးတွင် ကျင်းပခဲ့သည်။

တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းတံတားများ အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှမှ တိုင်းဒေသကြီး တာဝန်ခံအင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့များနှင့်အတူ တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းတံတားများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

သရက်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီက အ.ထ.က(ခွဲ)၊ အ.လ.က-၃၌ ကျင်းပခဲ့သည်။

လားရှိုးမြို့ရှိ အရှေ့ခါးရိုးပရိယတ္တိစာသင်တိုက်၌ နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစု ဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး မိသားစုနှင့် အလှူရှင်များမှ အရှေ့ခါးရိုးပရိယတ္တိစာသင်တိုက်၌ နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ကြီးအတွင်း၌ ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။

ညောင်လေးပင်မြို့နယ်၌ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်း လစဉ်ဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်ပညာရေးမှူးရုံးနှင့် ပူးပေါင်း၍ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းအား နိုင်ငံတော်ရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိကျောင်းပေါင်း (၁၅၈) ကျောင်းတွင် KG ကျောင်းသား၊ ကျောင်းသူပေါင်း (၁၂၈၀) ဦးတို့အား ၂၀၂၅ ခုနှစ် ဩဂုတ်လာမှစ၍ လစဉ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ဆဋ္ဌမအကြိမ်နှင့် သတ္တမအကြိမ်မြောက် ဆောင်ရွက်ခဲ့ပါသည်

လားရှိုးမြို့တွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ရှမ်း/မြောက်) အသင်းသားစုံညီအစည်းအဝေးနှင့် အလုပ်အမှုဆောင်သစ်ရွေးကောက်တင်မြှောက်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ရှမ်း/မြောက်)၏ အသင်းသားစုံညီအစည်းအဝေးနှင့် အလုပ်အမှုဆောင်သစ်ရွေးကောက်တင်မြှောက်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

မောက်မယ်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် တာဝန်ကျရာအခန်းကဏ္ဍမှ စွမ်းစွမ်းတမံ ပါဝင်ခဲ့သူများအား ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့ အပိုင်း(၂) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတို့အား ချီးကျူးဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒလမြို့နယ်ရှိ  မဲရုံများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ (အပိုင်း-၃) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ မဲရုံများအား မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်(၁၀:၀၀) နာရီက ဒလမြို့နယ်အတွင်းရှိ မဲရုံများသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
Subscribe to