ကျိုင်းတုံမြို့၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

ကျိုင်းတုံ ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “လူငယ်နှင့်အခွင့်အလမ်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးမောင်နှင့် ကျိုင်းတုံခရိုင်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်တို့က စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်များကို ဆွေးနွေးပြောကြားပြီး ကျိုင်းတုံစာပေချစ်မြတ်နိုးသူများအသင်း(Book Club) နာယကများ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "လူငယ်နှင့် အခွင့်အလမ်း"စာအုပ်မှ အတွေးအမြင်များ၊ ဗဟုသုတရဖွယ်အကြောင်းအရာများနှင့် စာပေဆိုင်ရာအကြောင်းအရာများကို အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)