ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် ညောင်တုန်းမြို့နယ်ရှိ မဲရုံးများအားကြည့်ရှူစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်သည် ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များလိုက်ပါလျက် ညောင်တုန်းမြို့တွင်းရှိ မဲရုံများသို့ရောက်ရှိပြီး မဲရုံပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ မဲရုံတာဝန်ထမ်းဆောင်သူများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့သည်။