ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်လေဆိပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်မှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊သည် ဇန်နဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် လွိုင်ကော်လေဆိပ် ဝန်ထမ်းအိမ်ရာ ၁၀၀ပေ x ၅၀ပေ လေးခန်းတွဲ နှစ်ထပ် သံကူကွန်ကရစ်အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားရေးအသိပညာပေးဆွေးနွေးပွဲတက်ရောက်

နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေး လွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့် အဖွဲ့ဝင်များ၊ တက်ရောက်သည်။

ကော့သောင်းမြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်ပြပွဲနှင့်လက်ကမ်းစာ‌ စောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၉)နှစ် မြောက် ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြည်ထောင်စု‌‌နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့‌နံနက်ပိုင်းက ကော့သောင်းမြို့၊ ‌မူလွန်(အဏ္ဏဝါ) ကျောင်းတွင် ပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် နံရံကပ်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် နံရံကပ်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ မူလွန်(အဏ္ဏဝါ) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ရမည်းသင်းမြို့နယ် KEC ကိုယ်ပိုင်ကျောင်း၌ လူငယ်​ရေးရာ အသိပညာပေးဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကျင်းပ

ရမည်းသင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်​ရေးရာအသိပညာပေး ဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်း၌   ပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့ လမ်းပြကြယ်ကိုယ်ပိုင်အထက်တန်းကျောင်း (၁၉)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ လမ်းပြကြယ်ကိုယ်ပိုင်အထက်တန်းကျောင်း၏ (၁၉)ကြိမ်မြောက် နှစ်ပတ် လည်အခမ်းအနားနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ် ၁၂ နာရီက  မြဘုရင်ပန်းခြံ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးမြို့၊ အ.ထ.က(၄)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မ‌ကွေးမြို့နယ်တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်၊ လူရွယ်‌ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ အားကစားသရုပ်ပြပွဲများကို အ.ထ.က(၄)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် (၁၀)နာရီခွဲက ကျင်းပခဲ့သည်။

ပြင်ဦးလွင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre)တွင် ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲမှ စ၍ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်လုံးဆိုင်ရာ အကြိမ် (၇၀) မြောက် ပရိယတ္တိ မွန်-မြန်မာ နှစ်ဘာသာ ရေးဖြေစာမေးပွဲ ဖြေဆိုလျက်ရှိ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပရိယတ္တိစာပေများ ထူးချွန်သူရဟန်းရှင်လူများ ပေါ်ထွန်းလာစေရန်အတွက် မြို့နယ်သံဃာ့နာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ သံဃာ့ဂိုဏ်းပေါင်းဆုံ ပရိယတ္တိဟိတကာရီအဖွဲ့၏ အကြိမ် (၇၀) မြောက် ပရိယတ္တိ မွန်-မြန်မာ နှစ်ဘာသာရေးဖြေစာမေးပွဲကြီးကို ဇန်နဝါရီ (၂၃) ရက်နေ့က မင်းကျောင်းသာသနာ့ ဗိမာန်တော်၌ တတိယနေ့ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့၌ ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကျင်းပသည့် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
Subscribe to