ဆားလင်းကြီးမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံရေးအတွက် မီဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်တောကျေးရွာအုပ်စုအတွင်းရှိ မံရုံများအားမီးလန့်မှုနှင့် မီးလောင်မှုများမဖြစ်ပေါ်စေရေး၊ မီး‌ဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် သမဝါယမအသင်းစု၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ညောင်ဦးမြို့နယ် သမဝါယမအသင်းစု၏ (၂၀၂၄-၂ဝ၂၅) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ညောင်ဦးမြို့နယ် သမဝါယမအသင်းစုအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ ဖြူးမြို့နယ်အတွင်းရှိ ကျေးလက်လမ်းများ ဆောင်ရွက်နေမှုအား စစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန(ရုံးချုပ်)နေပြည်တော်မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့များနှင့်အတူ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ ကျေးလက်လမ်းတံတားများ ဆောင်ရွက်နေမှုကို ယမန်နေ့​နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနား ကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သင်ကြား၊ စီမံဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ပေါင်းတည်မြို့၌ မတ်ပဲ ဧက လေးသောင်းနှစ်ထောင်ကျော် စိုက်ပျိုး

ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယခု ၂၀၂၆ ခုနှစ်တွင် မတ်ပဲ (၄၂၀၇၉) ဧက စိုက်ပျိုးထားရှိကာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်ပြပွဲနှင့် လက်ကမ်းစာ‌စောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စု‌‌နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊‌ အခြေခံပညာအလယ်တန်းကျောင်းခွဲ ရွှေဇင်ယော်(၁) ကျောင်းတွင် ပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် စာအုပ်/စာစောင်ပြပွဲများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရွှေဇင်ယော်(၁)တွင် ဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်အလိုက် ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီ မေဂျာပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲနှင့် အားကစားမျိုးစုံ ဆုပေးပွဲအခမ်းအနား ကျင်းပ

မန္တလေးဒေသကြီး၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ယမန်နေ့ညနေ ၄ နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီ မေဂျာပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပခဲ့ပြီး အားကစားမျိုးစုံ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လုပ်ငန်းများပေါင်းစပ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဌာနဆိုင်ရာလုပ်ငန်းများပေါင်းစပ်ဆောင်ရွက်နိုင်ရေး မြိုနယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to