ညောင်လေးပင် ဇန်နဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်ပညာရေးမှူးရုံးနှင့် ပူးပေါင်း၍ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းအား နိုင်ငံတော်ရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိကျောင်းပေါင်း (၁၅၈) ကျောင်းတွင် KG ကျောင်းသား၊ ကျောင်းသူပေါင်း (၁၂၈၀) ဦးတို့အား ၂၀၂၅ ခုနှစ် ဩဂုတ်လာမှစ၍ လစဉ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ဆဋ္ဌမအကြိမ်နှင့် သတ္တမအကြိမ်မြောက် ဆောင်ရွက်ခဲ့ပါသည်
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အထက်တန်းကျောင်းခွဲ ညောင်လေးပင်၌ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စောကလျာဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အာဟာရပြည့်ဝစွာ စားသုံးတတ်စေရေးအတွက် အစာအုပ်စုများအကြောင်း ရှင်းလင်းဟောပြောခြင်း၊ ကလေးများအစာမစားမီနှင့် အစာစားပြီး စနစ်တကျလက်ဆေးနည်း၊ အာဟာရမှုန့်များ ထည့်သွင်းကျွေးမွေးခြင်း၊ နေ့လည်စာစားပြီးနောက် စနစ်တကျသွားတိုက်စေခြင်းတို့အား သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)