အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ဇန်နဝါရီလအတွင်း ရှားပါးဆောင်းခိုရေပျော်ငှက်မျိုးစိတ်များနှင့် ဒေသရင်းရေပျော်ငှက်မျိုးစိတ်များ စုစုပေါင်း (၄၆)မျိုး၊ ကောင်ရေ (၂၄၁၇၇) ကောင် စာရင်းကောက်ယူနိုင်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ မြန်မာနိုင်ငံတွင်အကြီးဆုံး ကုန်းတွင်းရေချို အိုင်ကြီးဖြစ်သည့် အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ဇန်နဝါရီလအတွင်း အာရှ ရေပျော်ငှက်စာရင်းကောက်ယူရာ၌ ရှားပါးဆောင်းခိုရေပျော်ငှက်မျိုးစိတ်များနှင့် ဒေသရင်းရေပျော် ငှက်မျိုးစိတ်များ စုစုပေါင်း(၄၆)မျိုး၊ ကောင်ရေ (၂၄၁၇၇)ကောင်ကို စာရင်းကောက်ယူနိုင်ခဲ့ကြောင်း အင်းတော်ကြီးဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးဆောင်ရွက်နိုင်ရန် အသိပညာပေးဆွေးနွေးပွဲပြုလုပ်

နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်လွှတ်တော်ရုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပြည်ထောင်စုနေ့နှင့် ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ချင်းပြည်နယ်လွှတ်တော်ရုံးသို့သွားရောက်ပြီး ချင်းပြည်နယ်လွှတ်တော်ရုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးဇော်နိုင်ငြိမ်းက လွှတ်တော်အစည်းအဝေးခန်းမ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌရုံးခန်းများ၊ ရေးရာရုံးခန်းများနှင့် ချင်းပြည်နယ်လွှတ်တော်ရုံးပိုင် မန်းထားရိပ်သာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ကျိုက်ခေါက်စေတီသို့ အလှူငွေများ ပေးအပ်လှူဒါန်း

သန်လျင်ခရိုင် သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်သို့ အလှူငွေများပေးအပ်လှူဒါန်းပွဲကို ဇန်နဝါရီ ၂၂ ရက်နေ့ ညနေပိုင်းက ဂေါပကရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

သန်လျင်မြို့ အမှတ်( ၂)အခြေခံပညာ အထက်တန်းကျောင်း၌ထမနဲထိုးပြိုင်ပွဲကျင်းပ

သန်လျင်ခရိုင်၊ သန်လျင်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြသည်။

ဘိုကလေးမြို့နယ်တွင် နိကာယ်ငါးရပ်စာမေးပွဲဖြေဆိုရန် ကြွရောက်လာသည့် ရဟန်း၊ ရှင်သာမဏများအား ကြိုဆိုပင့်ဆောင်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပဉ္ဇနိကာယမဟာသီဝံ ကျောင်းတိုက်တွင် (၃၃)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြမည့် မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဘိုကလေးမြို့နယ်အတွင်းမှ ရဟန်းတော်များ၊ ရှင်သာမဏေများအား ယမန်နေ့ ညနေ (၄)နာရီအချိန်၌ ဘိုကလေး-စက်ဆန်းလမ်းဆုံ၊ အမှတ်(၁၈)လမ်း၌ စုရပ်ထား၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ စာမေးပွဲကျင်းပရေးကော်မတီဝင်များ ကြိုဆိုပင့်ဆောင်၍ မြို့နယ်တွင်း လှည့်လည်ခဲ့ကြသည်။

သရက်မြို့၌ သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းလျော့နည်းစေရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းလျော့နည်းစေရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက သရက်မြို့ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုး ရေး သင်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စစ်တွေမြို့တည်နှစ်(၂၀၀)ပြည့် အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲနှင့် ကံစမ်းမဲဖောက်ပေးနေမှုအား ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၂၂ ရက် ညနေပိုင်းတွင် ဝင်္ကဘာကွင်း၌ စစ်တွေမြို့ တည်နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်တေးဂီတ‌ဖျော်ဖြေပွဲနှင့် ကံစမ်းမဲဖောက်ပေးနေမှုအား ကြည့်ရှုအားပေးသည်။

ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၌ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့်သီလရှင်များအား ကျန်းမာရေးစစ်ဆေး

ကရင်ပြည်နယ်အတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားစေရန်နှင့်အရည်အသွေးပြည့်ဝသည့် သက်ရှည်ကျန်းမာသောဘဝကို ရရှိပိုင်ဆိုင်နိုင်စေရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ကုသရေးဦးစီးဌာနအနေဖြင့် လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) သုံးထပ်တိုးချဲ့လူနာဆောင်၌ အထူးကုသမားတော်ကြီးများက ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့်သီလရှင်ဆရာကြီးများအား ကျန်းမာရေးစစ်ဆေးဆောင်ရွက် ပေးရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးသည်။

(၇၄) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းများ ဆုချီးမြှင့်ပွဲနှင့် ဂုဏ်ထူးဆောင်ဆုများချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

(၇၄) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းများ ဆုချီးမြှင့်ပွဲ၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့်  ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို  ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
Subscribe to