မရမ်းကုန်းမြို့နယ် အမှတ်(၃) အခြေခံပညာကျောင်းတွင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး အသိပညာပေး ဟောပြော

မရမ်းကုန်း ဇန်နဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ  မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက  ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်စာရေးဆရာမ မေဧပရယ်မိုးက မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအကြောင်းအား ဟောပြောခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး  ဟောပြောဆွေးနွေးသည့်  စာရေးဆရာမ မေဧပရယ်မိုးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိတို့အား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး ကျောင်းသား/သူများအား အချိုရည်များ တိုက်ကျွေးခဲ့ပြီး  အဆိုပါ အခမ်းအနားသို့ မရမ်းကုန်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယဉ်မော်(ပြန်/ဆက်)