ဒလ ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ (အပိုင်း-၃) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ မဲရုံများအား မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်(၁၀:၀၀) နာရီက ဒလမြို့နယ်အတွင်းရှိ မဲရုံများသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သူနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရွေးကောက်ပွဲကျင်းပမည့် မဲရုံများတွင် မီးလောင်မှု မီးလန့်မှုများ မဖြစ်ပေါ်စေရေး၊ မီးဘေးလုံခြုံမှုရှိစေရန်၊ မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုနည်းလမ်းများ၊ လျှပ်စစ်မီးများ စနစ်တကျ အသုံးပြုရေးများကို စစ်ဆေးခဲ့ပြီး မီးဘေးလုံခြုံရေးအကြံပြုချက်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခင်စန္ဒာမြင့် (ပြန်/ဆက်)