လားရှိုးမြို့တွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ရှမ်း/မြောက်) အသင်းသားစုံညီအစည်းအဝေးနှင့် အလုပ်အမှုဆောင်သစ်ရွေးကောက်တင်မြှောက်ပွဲ ကျင်းပ

လားရှိုး ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ရှမ်း/မြောက်)၏ အသင်းသားစုံညီအစည်းအဝေးနှင့် အလုပ်အမှုဆောင်သစ်ရွေးကောက်တင်မြှောက်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ MRESA (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးတင်ယုက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အသင်း၏ဥက္ကဋ္ဌအဖြစ်မှ နှုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

ထို့နောက် အလုပ်အမှုဆောင်သစ် ရွေးကောက်တင်မြှောက်ပွဲနှင့်ပတ်သက်၍ သဘာပတိ ဦးတင်ယုက ရှင်းလင်းပြောကြားပြီး အလုပ်အမှုဆောင်အဖွဲ့ ပဏာမအမည်စာရင်းအား သဘာပတိဦးဝင်းဇော်က ‌ဖတ်ကြားကြေညာပေးခဲ့သည်။

ဆက်လက်၍ အသင်းဝင်များ၏ ဆန္ဒသဘောထားနှင့်အညီ ၂၀၂၆-၂၀၂၉ သက်တမ်းအတွက် အလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြောက်ခဲ့သည်။

ယင်းနောက် MRESA (ရှမ်းမြောက်)ဥက္ကဋ္ဌသစ် ဒေါ်နန်းခမ်းယဉ်က အသင်းဝင်များအား နှုတ်ခွန်းဆက်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)