မောက်မယ်မြို့နယ်၌ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအသိပေးဆွေးနွေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မောက်မယ်မြို့နယ်၌ နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင်  ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက်၁၀နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) တွင် ပါတီ(၁၀)ပါတီနှင့်တစ်သီးပုဂ္ဂလတို့မှ ကိုယ်စားလှယ်လောင်း(၃၂)ဦးဝင်ရောက်ယှဉ်ပြိုင်

၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှ လွှတ်တော်မဲဆန္ဒနယ်အသီးသီးအတွက် ပါတီပေါင်း(၁၀) ပါတီနှင့် တစ်သီးပုဂ္ဂလတို့မှ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း (၃၂)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ မြောက်ဥက္ကလာပမြို့နယ်အတွင်း ပြည်သူများ ဆန္ဒမဲပေးနေမှုအား ကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ဇန်နဝါရီ ၂၅ ရက်  နံနက်ပိုင်းက  မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်အေးချမ်းစွာ ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးသည်။

ကျောက်တန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ဇန်န၀ါရီ(၂၅) ရက်နေ့တွင် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ကျောက်တန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများရှိ မဲရုံများတွင် ယနေ့နံနက် ၆ နာရီကစတင်၍ မဲရုံများစတင်ဖွင့်လှစ်ခဲ့သည်။

ထန်းတပင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်းကာ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်အတွင်းရှိ စက်သုံးဆီဆိုင်များ ဆန်စက်များနှင့် အိမ်ဆိုင်များကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေးခဲ့သည်။

တာမွေမြို့နယ်ရှိ နားမကြားသောကလေးများကျောင်း(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူလေးများ ဆန္ဒမဲလာရောက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အိုးစု(၃)လမ်းရှိ အမှတ်(၁၁)အခြေခံပညာ အလယ်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၃)တွင် ယနေ့နံနက်ပိုင်းအချိန်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် မည်သည့် ဖိအားတစ်စုံတစ်ရာမျှ မပါရှိဘဲ မိမိတို့၏ လွတ်လပ်သည့် သဘောထားဆန္ဒများအလျောက် စိတ်အားထက်သန်စွာ တက်တက်ကြွကြွစည်းကမ်းရှိရှိ နိုင်ငံကြီးသား ပီသစွာဖြင့် ဆန္ဒမဲလာရောက်ပေးခဲ့ကြကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌  ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံအသီးသီး၌ တိုင်းရင်းသား ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)အား ဒေးဒရဲမြို့နယ်တွင်းရှိ မဲရုံ(၁၆၄)ရုံ၌ ယနေ့နံနက်(၆)နာရီမှစတင် ဖွင့်လှစ်ခဲ့ရာ မြို့နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများကလည်း ဆန္ဒမဲ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်တက္ကသိုလ်(၁၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ကျောက်ဆည်တက္ကသိုလ်၏ (၁၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ မန္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေ၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဖိတ်ကြားထားသူများ၊ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

အောင်သမာဓိနှင့်ရွှေတောညီအကိုများ၏ ပံ့ပိုးမှုဖြင့် စတုတ္ထအကြိမ်မြောက် မန်းအောင်ဆွေလင်း ကလပ်ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲ၊ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ဘော်လီဘောအားကစားဖွံဖြိုးတိုးတက်စေရေးနှင့် ထူးချွန်ထက်မြက်သော ဘော်လီဘော အားကစားသမားများ ပေါ်ထွက်စေရေးအတွက် အောင်သမာဓိနှင့်ရွှေတောညီအကိုများ၏ ပံ့ပိုးမှုဖြင့် စတုတ္ထအကြိမ်မြောက် မန်းအောင်ဆွေလင်းကလပ် ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီက မန္တလေး၊‌ အောင်‌မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ (၁၄)လမ်း (၈၇-၈၈)လမ်းကြားရှိ မန်းအောင်ဆွေလင်း ဘော်လီဘောကလပ်တွင် ကျင်းပပြုလုပ်ရာ တတိယလုပွဲတွင် ဇေယျာသီရိ အသင်းက O-2 အသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲတွင် မန်းအောင်ဆွေလင်းအသင်းက အောင်သမာဓိအသင်းကို လေးပွဲ-တစ်ပွဲဖြင့်လည်း‌ကောင်း အနိုင်ရရှိကြသည်။

နည်းပညာတက္ကသိုလ်(တောင်ငူ)၌ (၉)ကြိမ်မြောက် မဟာအင်ဂျင်နီယာဘွဲ့နှင့် အကြိမ်(၂၀)မြောက် အင်ဂျင်နီယာဘွဲ့၊ ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၌ (၉) ကြိမ်မြောက် မဟာအင်ဂျင်နီယာဘွဲ့နှင့်အကြိမ်(၂၀)မြောက် အင်ဂျင်နီယာဘွဲ့၊ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ် (​တောင်ငူ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Subscribe to