လွိုင်လင် ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ် (တောင်းပိုင်း) တွင် မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းစံမြို့နယ်နှင့် မိုင်းနောင်မြို့နယ်တို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိရာ မဲရုံများတွင် ပြည်သူများအနေဖြင့် ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
မဲရုံမဖွင့်လှစ်မီမဲရုံတာဝန်ရှိသူများက ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့် စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက် (၆) နာရီတိတိအချိန်တွင် မဲရုံမှူးကမဲရုံဖွင့်လှစ်ပေးခဲ့ပြီး စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်သီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများတွင် မဲပေးခြင်းကို စတင်ခဲ့သည်။
၂၀၂၅ ပါတီစုံဒီမိုကရေရွေးကောက်ပွဲ အပိုင်း (၃) ၌ ကျေးသီးမြို့နယ်ရပ်ကွက်တွင် မဲရုံ (၁၁) ရုံ၊ ကျေးရွာအုပ်စု (၃၂) အုပ်စုတွင် မဲရုံပေါင်း (၆၀) ရုံ၊ မိုင်းရူးမြို့နယ်၊ ရပ်ကွက်တွင် မဲရုံ (၇) ရုံ၊ ကျေးရွာအုပ်စ (၁၇) တွင် မဲရုံပေါင်း (၃၂) ရုံ၊ မိုင်းစံရပ်ကွက်တွင် မဲရုံ (၃) ရုံ၊ ကျေးရွာတွင် မဲရုံ (၃) ရုံ၊ တပ်တွင်းမဲရုံ (၁) ရုံ စုစုပေါင်း (၇) ရုံ ဖွင့်လှစ်ထားရှိကြပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများက ဆန္ဒမဲပေးခြင်းကို ရပ်ကွက်အလိုက် ကျေးရွာအလိုက် မဲရုံများတွင် အေးချမ်းလုံခြုံစွာ မဲပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)