ကချင်ပြည်နယ်ဝန်ကြီးချုပ် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နေမှု နှင့် နေရပ်စွန့်ခွာပြည်သူများ နေရာချထားပေးနိုင်ရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးတွင် အဓိကကျသည့် သားငါးစားသုံးမှုဖူလုံလာစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ပလန ကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာအနီးတွင် အသားတိုးကြက် မွေးမြူရေးခြံများ တည်ဆောက်၍ မွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးသည်။

ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)၌ (၁၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်မြို့  ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)၌ (၁၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနေမှုအား ကြည့်ရှုအားပေး

ပဲခူးခရိုင်အတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနေမှုနှင့် မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးနေမှုတို့အား ဇန်နဝါရီ၂၅ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်လွင်နှင့် ဦးခင်မောင်ကြီးတို့ သွားရောက်ကြည့်ရှုအားပေးသည်။

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များအတွင်းရှိမဲရုံများသို့ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များလေ့လာ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဒဂုံမြို့နယ်၊လမ်းမတော်မြို့နယ်၊ သာကေတမြို့နယ်တို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီ (၂၅)ရက်၊ နံနက်(၆)နာရီကစတင်ကျင်းပလျက်ရှိရာ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကရင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက ဘားအံမြို့နယ် ထုံးအိုင်တိုက်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဘားအံတက္ကသိုလ်၏ (၁၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်ရှိ သင်ကြားရေးဌာန (၁၄) ခုတွင် ဘာသာရပ်ပေါင်း (၁၆) ခုထိ တိုးချဲ့ဖွင့်လှစ်၍ ဘွဲ့ကြိုတန်း၊ ဂုဏ်ထူးတန်း၊ ဘွဲ့လွန်မဟာသင်တန်းများနှင့် ပါရဂူဘွဲ့သင်တန်းများကို သင်ကြားပေးလျက်ရှိရာ ဇန်နဝါရီ လ ၂၆ ရက်နေ့ နံနက်ပိုင်းက (၁၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

သီပေါမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများ၏ စကားသံများ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မဲရုံအသီးသီးတွင် ကျင်းပရာ  မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများ၏ စကားသံများ-

ထန်းတပင်မြို့နယ်၌ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေး"ဆိုင်ရာများအသိပညာပေး 

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်သစ်တောဦးစီးဌာနမှ  ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့ညစ်ညမ်းမှု ဆက်စပ်ပုံနှင့်လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ လူမှုစီးပွား ဘဝများ ထိခိုက်နိုင်မှုများကို သိရှိနာလည်စေရန်ရည်ရွယ်၍ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး"ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  ဇန်နဝါရီ(၂၅)ရက်က အတွင်းရေကျော်ကျေးရွာတွင်ကျင်းပသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြိုနယ်၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး မဲရုံအရောက် အကြို၊ အပို့များ ဆောင်ရွက်ပေးလျက်ရှိ

၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌  ဇန်နဝါရီ ၂၅ ရက် နံနက်  ၆ နာရီမှ စတင်၍ ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် လွတ်လွတ်လပ်လပ် ဆန္ဒမဲများပေးနိုင်ရေးမဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး အသိပေးနှိုးဆော်ခြင်းနှင့် မဲရုံအရောက် အကြိုအပို့ဆောင်ရွက်ပေးသည်။

ကြံခင်းမြို့၊ အ.ထ.က(၁)၌ ၂၀၂၆ ခုနှစ်၊ (၁၉)ကြိမ်မြောက် မြတ်ဆရာပူဇော်ကန်တော့ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်​ရပ်ကွက်၊ အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၁၉) ကြိမ်မြောက် ​မြတ်ဆရာပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အောင်ကျော်ခန်းမ၌ ကျင်းပခဲ့ရာ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများ တက်ရောက်ကြသည်။
Subscribe to