လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အခမ်းအနားမှူးသင်တန်း (၂/၂၀၂၆) ဖွင့်လှစ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်ရုံးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းတို့ပူး‌ပေါင်း၍ အခမ်းအနားမှူးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ကျွန်းလှမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုန်ရန်ပုံငွေမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ဇန်နဝါရီလ ၂၇ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသည်။

မန္တလေးမြို့ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးတွင် (၃၇)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနား  ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆက်ကပ်လှူဒါန်းပူဇော်သည့် (၃၇)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို  မန္တလေးမြို့အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီး ၌  ဖေဖော်ဝါရီ ၁၀ ရက် တွင် ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်သည်။

ရွှေဘိုမြို့၌ (၂၇)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကျင်းပပြုလုပ်ပူဇော်သည့် (၂၇)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့နံနက် ၉ နာရီအချိန်က ချမ်းသာကြီး၊ ချမ်းသာရစေတီတော်မြတ်ကြီးရှိ အရုဏ်ခံတန်ဆောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဇေယျာသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေး ပြိုင်ပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇေယျာသီရိမြိုနယ်၊ ထန်းတပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ခေါ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။

ရွှေသောင်ယံမြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ.ထ.က(အုန်းချောင်း)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီအစည်းအဝေး အမှတ်စဉ် (၇/၂၀၂၅-၂၀၂၆) တက်ရောက်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်အောင်သည် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦစီးဌာနရုံး လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ကျင်းပသည့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၅-၂၀၂၆)သို့ ယနေ့နံနက်ပိုင်းက တက်ရောက်သည်။

ဟုမ္မလင်းမြို့၌ “(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်” ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် အသိပညာ‌ပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြို အထိမ်း အမှတ် “ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် အသိပညာ‌ပေးဟောပြောပွဲကို ဇန်နဝါရီလ (၂၇) ရက်နေ့၊ နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် အားကစားနှင့်ကာယပညာဦးစီးဌာန ရွှေညောင်မြို့နယ် ဖူဆယ်အားကစားရုံ တည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်သိန်းနှင့် တာဝန်ရှိသူများနှင့်အတူ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့၌ ဖူဆယ်အားကစားရုံ (၁၅၀'×၁၁၀') ပွဲကြည့်စင်အပါ တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် နွားလှကျေးရွာတွင် ရေစုတွင်းကျယ်ဖြင့် ရေရရှိရေး ဆောင်ရွက်နေမှု ကြည့်ရှု

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက မြို့သစ်မြို့နယ်၊ နွားလှကျေးရွာအုပ်စု၊ နွားလှကျေးရွာသို့ ရောက်ရှိကာ ရေစုတွင်းကျယ်တူးဖော်၍ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေးဝေနိုင်ရေး ဆောင်ရွက်နေမှုလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။
Subscribe to