လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီးဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့နယ်၌ လျှပ်စစ်ဝါယာ‌ကြိုး ရှော့ဖြစ်၍ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၂၀ ခန့်က လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်၍ ကျွန်းစုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ခွာညိုလမ်းသွယ်ရှိ လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်၌   နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဆည်၊ ကန်၊ တမံများမှ ပျိုးထောင်ရေများ  ဖေဖော်ဝါရီလ ဒုတိယအပတ်တွက် စတင်ဖြန့်ဝေပေးသွားမည်

မိတ္ထီလာမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ခုနှစ်တွင် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဆည်၊ ကန်၊ တမံများမှ ပျိုးထောင်ရေများကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ဖြန့်ဝေပေးသွားမည်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သီလရှင်များအား ဆွမ်းဆန်တော်နှင့်အခြေခံစားသောက်ကုန်များ လှူဒါန်း၊ စစ်တွမြို့တွင်း CCTV Camera များတပ်ဆင်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီ ၂၆ ရက်နံနက်ပိုင်းက စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးရှေ့၌ စစ်တွေမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ သီလရှင်များအား ဆွမ်းဆန်တော်နှင့် အခြေခံစား သောက်ကုန်များ လှူဒါန်းကြသည်။

ကရင်ပြည်နယ်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှု နှစ်စဉ်တိုးတက်လျက်ရှိပြီး ဝန်ဆောင်မှုကောင်းများပေးနိုင်ရန် သင်တန်းများဖွင့်လှစ်

ကရင်ပြည်နယ်အတွင်း ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ၄၆၉၂၈၄ ဦး၊ ၂၀၂၅ ခုနှစ်တွင် ၆၉၉၂၅၀ ဦးဝင်ရောက်လည်ပတ်ခဲ့ပြီး ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ ဝင်ငွေရရှိမှု ၉၄ ဒဿမ ၆၃ ရာခိုင်နှုန်း တိုးတက်ရရှိခဲ့ကာ ခရီးသွားဧည့်သည်များအား ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရန် ဘားအံမြို့၊ ဟိုတယ်ကန်သာဦးခန်းမ၌ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်း (၂)မျိုးကို ဖွင့်လှစ်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ (၁/၂၀၂၆) ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(၁/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၁/၂၀၂၆)ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၁/၂၀၂၆ )ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်စွမ်းရည်မြင့်မားရေး စာဖတ်ဝိုင်းပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး စာဖတ်စွမ်းရည်မြင့်မားရေး စာဖတ်ဝိုင်းကို ဇန်နဝါရီလ ၂၆ရက်  နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

လိပ်သိုဒေသတွင် ရာသီစာဆေးဖက်ဝင် မလွှပွင့်များ ပေါ်ဉီးစအချိန် လိုက်လံကောက်ယူသူ များပြားလျက်ရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ တောတောင်များနှင့် ဥယျာဉ်ခြံများတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိနေသော မလွှပင်ကြီးများမှာ ယခုအချိန်တွင် စတင်ပွင့်နေပြီဖြစ်ရာ ရာသီစာဆေးဖက်ဝင်မလွှပွင့်များကို လိုက်လံကောက်ယူစုဆောင်းသူ များပြားလျက်ရှိနေကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင်လက်မှတ်နှင့်စာအောင်ဆုချီးမြှင့်သည့် စူဠဆုနှင်းသဘင် အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့်စာအောင်ဆုများ ဆက်ကပ်ချီးမြှင့်သည့် စူဠဆုနှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲ(၁) နာရီက မြို့မပရိယတ္တိ စာသင်တိုက်၌ ကျင်းပခဲ့သည်။

ပိုင်ကျုံမြို့ မူ(လွန်) ညာပရောကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်  ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စုရှိ မူ(လွန်)ညာပရောကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၅  ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to