ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ နှင့် ဈေးရောင်းပွဲတော် (နေပြည်တော်)တွင် မန္တလေးတိုင်းဒေသကြီးထွက်ကုန်ပစ္စည်းများ ခင်းကျင်းပြသနိုင်ရေးဆွေးနွေး
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်တွင်ကျင်းပမည့် ပြည်ထောင်စုအဆင့်ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် မန္တလေးတိုင်းဒေသကြီးမှ ပြည်တွင်းကုန်ကြမ်းသုံးထုတ်ကုန်များပြခန်း (၅၄)ခန်း၊ သွင်းကုန် အစားထိုး တန်ဖိုးမြှင့်ထုတ်ကုန်များပြခန်း (၁၂)ခန်း၊ စိုက်ပျိုးရေး/မွေးမြူရေး အခြေခံ ထုတ်ကုန်ပြခန်း (၁၄)ခန်း၊ ပြည်ပပို့ကုန် ပြခန်း (၃)ခန်း၊ ဒေသတစ်ခုထုတ်ကုန်တစ်ခုပြခန်း (၁၄)ခန်း စုစုပေါင်းပြခန်း (၉၁)ခန်းပါဝင်ပြသသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။