ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသားကျောင်းသူများနှင့် ပြည်သူများ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် ပတ်သက်ပြီး အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် ဖေဖော်ဝါရီ ၁၀ ရက်၊ မွန်းလွဲ ၂ နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ပြည်ထောင်စုနေ့အ‌ကြောင်းသိကောင်းစရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင်  မီးဘေးလုံခြုံရေးအသိပညာပေး ဆောင်ရွက်ခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

​မန္တလေးတိုင်းဒေသကြီး၊  ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီးများနှင့် ကျေးရွာအုပ်စုများရှိ စက်သုံးဆီအရောင်းဆိုင်များတွင်  မီးဘေးလုံခြုံရေးအသိပညာပေးဆောင်ရွက်ခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ယမန်နေ့  နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်၌ ​ကျောင်းကျန်းမာ​ရေးနှင့် လူငယ်ကျန်းမာ​ရေးဆင့်ပွားသင်တန်း၊ အာဟာရဖွံ့ဖြိုး​မှုအ​ခြေအ​နေနှင့် ကူးဆက်​ရောဂါ နှိမ်နှင်းရေးဆိုင်ရာသင်တန်း ဆက်လက်သင်ကြား

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁) အ​ခြေခံပညာအထက်တန်း​ကျောင်း စန္ဒိမာခန်းမ၌ ကျောင်းကျန်းမာ​ရေးနှင့် လူငယ်ကျန်းမာ​ရေးဆင့်ပွားသင်တန်း၊ အာဟာရဖွံ့ဖြိုး​မှုအ​ခြေအ​နေနှင့် ကူးဆက်​ရောဂါနှိမ်နှင်း​ရေးဆိုင်ရာသင်တန်းကို ယမန်​နေ့နံနက် ၁၀ နာရီ အချိန်က ဆက်လက်သင်ကြားခဲ့သည်၊၊

ပြင်ဦးလွင်မြို့နယ်တွင် အသက် ( ၈၅ )နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ပွဲကျင်းပ

​မန္တလေးတိုင်းဒေသကြီး၊  ပြင်ဉီးလွင်မြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက်ဘိုးဘွား ၇၃၉ ဦးအား တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀နာရီက ပြင်ဦးလွင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအလိုက် တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။

မိုင်းရှူးမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေပေးရေးဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးခရိုင် မိုင်းရှူးမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေပေးရေးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ‌မိုင်းအော့ကျေးရွာအုပ်စု၊ တိန်းတိုက်ကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။

လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ရရှိသူများအား လူမှုဖူလုံရေး အကျိုးခံစားငွေများ ထုတ်ပေး

အလုပ်သမားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး  လူမှုဖူလုံရေးအဖွဲ့အနေဖြင့်  ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်းအခမ်းအနားကို  ယမန်နေ့နံနက်(၁၀) နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် 3 on 3 အမျိုးသားအလွတ်တန်း ဘတ်စကတ်ဘောပြိုင်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်  3 on 3 အမျိုးသားအလွတ်တန်း ဘတ်စကတ်ဘောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်မိုးလုံ၊ လေလုံ အားကစားရုံ၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) သိကောင်းစရာအသိပညာပေး (Talk Show) ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) သိကောင်းစရာအသိပညာပေး (Talk Show)ကို ယမန် နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၄)ခန်းတွဲ(၄)ထပ် အရာထမ်းအိမ်ရာ အဆောက်အဦသစ်ဖွင့်လှစ်

 ပဲခူးမြို့၊ မြို့မရဲစခန်းဝန်းအတွင်း၌ ဖေဖော်ဝါရီလ(၉)ရက်နေ့ နံနက်ပိုင်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ပဲခူးမြို့မရဲစခန်း (၄)ခန်းတွဲ(၄)ထပ် အရာထမ်းအိမ်ရာ အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

မုံရွာတက္ကသိုလ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လှယဥ်ကျေးမယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ် တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်  လှယဥ်ကျေးမယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါမုံရွာ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မုံရွာတက္ကသိုလ် ပါမော က္ခချုပ် ဆရာကြီးဒေါက်တာ အောင်ကျော်သင်၊ ဒုတိယပါမောက္ခချုပ် ဆရာကြီး၊ဆရာမကြီးများနှင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဌာနမှူးများနှင့် နည်းပြ/သရုပ်ပြဆရာဆရာမများ၊ ကျောင်းသား၊ကျောင်းသူ များတက်ရောက်ခဲ့ကြသည်။
Subscribe to