ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၊ စီမံ(၁) ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဆင်းပွဲတက်ရောက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ပြီး စစ်တွေမြို့၊ မင်းသူရိယခန်းမ၌ ပြုလုပ်သော ရခိုင်ပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံ(၁)ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်းဆင်းပွဲ တက်ရောက်သည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ကုလားကြီးစုကျေးရွာတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ် အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက်(၉)နာရီကကုလားကြီးစုကျေးရွာ၌ အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေး ဝန်ထမ်းများတို့က လက်ဝယ်အရောက်ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

မအူပင်ခရိုင်၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ဖေဖော်ဝါရီ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုး မုံရွာမြို့နယ် မြေပြင်ကွင်းဆင်းစိစစ်ပြီး အိမ်ထောင်စုများအား EID Server နေ့စဥ်ထည့်သွင်းပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များနှင့်အတူ မုံရွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးအောင်ဆန်းဝင်းတို့လိုက်ပါပြီး ယမန်နေ့ နံနက် (၁၁)နာရီ မုံရွာမြို့နယ်စုပေါင်းရုံးအတွင်းရှိ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အဆိုပါရုံးတွင် မုံရွာမြို့နယ် မြေပြင်ကွင်းဆင်းစိစစ်ပြီး အိမ်ထောင်စုများအား EID Server နေ့စဥ်ထည့်သွင်းပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Stone Garden ပန်းဥယျာဉ်ဖွင့်ပွဲ၊ ကိုယ်ခံပညာပေါင်းစုံသရုပ်ပြပွဲ၊ စုပေါင်းသွေးလှူဒါန်းပွဲများကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Stone Garden ပန်းဥယျာဉ်ဖွင့်ပွဲ၊ ကိုယ်ခံပညာပေါင်းစုံ သရုပ်ပြပွဲနှင့် စုပေါင်းသွေးလှူဒါန်း ပွဲတို့ကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

ရေနံချောင်းတက္ကသိုလ်၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ရေနံချောင်းတက္ကသိုလ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၃)နှင့် (၂/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက ရေနံချောင်းတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပသည်။

မြစ်ကြီးနားမြို့၌ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် လုပ်ကွက်ငယ် တောင်သူများသို့ ကော်ဖီ၊ မက္ကဒေးမီးယားမျိုးစေ့၊ ပျိုးပင်နှင့် လုပ်ငန်းသုံးကိရိယာများနှင့် ပူတာအိုဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် လုပ်ကွက်ငယ်တောင် သူများ သို့ ကော်ဖီ၊ မက္ကဒေးမီးယားမျိုးစေ့များ၊ ပျိုးပင်များ၊ နည်းပညာပေးစာအုပ်များ၊ စိုက်ပျိုးထုတ် လုပ်မှု လုပ်ငန်းသုံးကိရိယာ ထောက်ပံ့ပေးအပ်ပွဲနှင့် ပူတာအို‌‌ဒေသဖွံဖြိုးတိုးတက်ရေးအတွက် သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို နောင်နန်းရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၏ နှစ်ရှည်သီးနှံဌာနခွဲ၊ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ၌ ကျင်းပြုလုပ်ခဲ့သည်။

ညောင်တုန်းမြို့နယ်၊ ကြက်တူရွေးတောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကြက်တူရွေးတောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့  နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး မိတ္ထီလာခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းရှိ အသက်မွေးပညာ သင်တန်းများဖွင့်လှစ်နေမှုအား ကြည့်ရှုအားပေး 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်းကရက်ကန်းနှင့် အသက်မွေးပညာသင်ကျောင်းတွင်မိတ္ထီလာခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး အသက်မွေးပညာသင်တန်းများ ဖွင့်လှစ်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့၌ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပညာပေးဟောပြောပွဲ ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ရွေးစုကျေးရွာ အုပ်စု၊ ရွေးစု ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)ခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to