မုဒုံမြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် 3 on 3 အမျိုးသားအလွတ်တန်း ဘတ်စကတ်ဘောပြိုင်ပွဲ ကျင်းပ

မုဒုံ  ဖေဖော်ဝါရီ ၁၁

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်  3 on 3 အမျိုးသားအလွတ်တန်း ဘတ်စကတ်ဘောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်မိုးလုံ၊ လေလုံ အားကစားရုံ၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် မြို့နယ်အားကာမှူး ဒေါ်နွယ်နီစံက ပြိုင်ပွဲဝင်စည်းကမ်းများပြောကြား​ပြီး ပြိုင်ပွဲတွင်ယှဉ်ပြိုင်ကစားကြမည့် အားကစားသမားများက မဲနှိုက်ကာပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကစားကြသည်။

အဆိုပါ​ပြိုင်ပွဲတွင်ပြိုင်ပွဲဝင်အသင်း(၆)သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ပြီးအနိုင်ရရှိသည့်အသင်းအား ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မုဒုံသူ (ပြန်/ ဆက်)